beautyLogo

သမိုင်းကြောင်း

၁၉၃၈ခုနှစ်တွင် ရွှေတီးဆပ်ပြာသည် မြန်မာပြည်တွင် သုံးစွဲသူများ နှစ်သက်မှုကို အပြည့်အ၀ရရှိခဲ့ရုံမက ဈေးကွက်တွင် ခိုင်မာသော နေရာတစ်နေရာ ရရှိခဲ့ပါသည်။ မြန်မာပြည်တွင် ဈေးကွက်စီးပွားရေးစနစ် ကို စတင်ပြောင်းလဲခဲ့သော ၁၉၈၈ ခုနှစ်မှစ၍ ကျွန်တော်များ ရွှေတီးထရေးထင်းကုမ္ပဏီ ကို မှတ်ပုံတင်ပြီး ရွှေတီးဆပ်ပြာကို ထုတ်လုပ်ရောင်းချခဲ့ရာ ဈေးကွက်တွင်းသို့  ပြန်လည်နေရာရရှိနိုင်ခဲ့ပြီး သုံးစွဲသူများ အားပေးမှုကို ရရှိခဲ့ပြန်ပါသည်။
သွင်းကုန်အစားထိုး၍ ဈေးကွက်၏ လိုအပ်ချက်အရ ဆပ်ပြာ၏ အခြေခံထုတ်လုပ်မှု နှင့် အခြေခံတူညီသော ခေါင်းလျှော်ရည်လုပ်ငန်း ကို တိုးချဲ့ ရန် ပြင်ဆင်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံမှ နည်းပညာကို အခြေခံ၍ "နီယို" ပြင်သစ် အဆင့်မြင့်ခေါင်းလျှော်ရည် ကို စတင်ထုတ်လုပ်ကာ ဈေးကွက်တွင်းသို့  စမ်းသပ်ကာလအဖြစ် စတင်ထုတ်လုပ် ဖြန့် ဖြုးရောင်းချခဲ့ပါသည်။ နောက်ပိုင်းတွင် ပြောင်းလဲလာသော ဈေးကွက်ကို မူတည်၍ ထိုင်ဝမ်နိုင်ငံမှ အဆက်အသွယ်ဖြင့် ဂျပန်နည်းပညာကို အခြေခံ၍ စမ်းသပ်ထုတ်လုပ်သော Terse အဆင့်မြင့်ခေါင်းလျှော်ရည် ကို ဈေးကွက်တွင်းသို့  ထပ်မံ ဖြန့် ဖြုးခဲ့ပါသည်။
ကျွန်တော်များ ရွှေတီးထရေးထင်းကုမ္ပဏီ မှ ထုတ်လုပ်ဖြန့် ဖြုးခဲ့သော "နီယို" ပြင်သစ် အဆင့်မြင့် ခေါင်းလျှော်ရည် နှင့် Terse အဆင့်မြင့် ခေါင်းလျှော်ရည် တို့ ကို ပေါင်းစပ်ပြီး မြန်မာလူမျိုးများ၏ ဆံကေသာကို ရာသီဥတုတို့ နှင့် လိုက်လျောညီထွေရှိသော ဗြူးတီး အဆင့်မြင့် ခေါင်းလျှော်ရည်ကို ရွှေတီးထရေးထင်း ကုမ္ပဏီလီမိတက် မှ ထပ်မံ ထုတ်လုပ် ဖြန့် ဖြုးခဲ့ပါသည်။
"ဗြူးတီး အဆင့်မြင့် ခေါင်းလျှော်ရည်တွင်" မြန်မာလူမျိုးများ၏ အသည်းစွဲဖြစ်သော စံပယ်ပန်းရနံ့ ဖြင့် ဖော်စပ်ထားပြီး အရည်အသွေးတွင်လည်း မြန်မာ့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ငှာန၏ ထောက်ခံချက်ကို ရရှိပြီး ရုပ်ရှင်သရုပ်ဆောင်၏ ရုပ်ပုံကို ထုတ်ပိုးရာတွင် အသုံးပြု၍ သုံးစွဲသူအပေါင်းတို့ ၏ အားပေးမှိုကို ယခုတိုင် အပြည့်အ၀ ရရှိခဲ့ပါသည်။

အရည်အသွေးကို တန်ဖိုးထားသော ရွှေတီးထရေးထင်းကုမ္ပဏီမှ ထုတ်လုပ်သော ခေါင်းလျှော်ရည်များမှာ -
(၁) ဗြူးတီး အဆင့်မြင့် ခေါင်းလျှော်ရည် - မည်သည့် ဆံကေသာမျိုး မဆို သုံးစွဲနိုင်ပါသည်။
(၂) အကယ်ဒမီ အဆင့်မြင့် ခေါင်းလျှော်ရည် - Switchzerland နိုင်ငံ Ciba မှ ထုတ်လုပ်သော IRGASANDB 300 ပါဝင်ဖော်စပ်ထားခြင်းကြောင့် ယားယံမှုကို ဖြစ်ပေါ်စေသော ဘက်တီးရီးယားကို ကာကွယ်ပေးပါသည်။
(၃) နီယို ပြင်သစ် အဆင့်မြင့် ခေါင်းလျှော်ရည် - ပြင်သစ် နည်းပညာ ကို အခြေခံကာ ထုတ်လုပ်ထားပါသည်။
(၄) Terse အဆင့်မြင့် ခေါင်းလျှော်ရည် - ဂျပန်နည်းပညာ ကို အခြေခံ၍ ထုတ်လုပ်ထားပါသည်။ 300 ml နှင့် 3 Liter ဗူးများဖြင့် ခေါင်းလျှော်ဆိုင်များ ၊ ဟိုတယ်များ အတွက် အထူးထုတ်လုပ်ထားပါသည်။
ကျွန်တော်များ ရွှေတီးထရေးထင်းကုမ္ပဏီလီမိတက် မှ အနာဂါတ်တွင် ဈေးကွက်၏ ပြုပြင် ပြောင်းလဲမှုကို လိုက်၍ လူသုံးကုန်ပစ္စည်း နှင့် အိမ်သုံးပစ္စည်း တို့ ကို ဆက်လက် ဖန်တီး ထုတ်လုပ်သွားမှာ ဖြစ်ပါသည်။